How to configure proxy on terminal, apt-get proxy terminal?
Mar 05
Ubuntu proxy, terminal, Ubuntu, update 4 Comments
ကျွန်တော်စက်မှာ ubuntu စတင်ကတည်းက လိုချင်တဲ့ software တွေသွင်းဖို့ terminal ကနေသွင်းလို့မရဘူးဖြစ်နေတယ် ။ အဲဒါ စေတန်ကိုမေးကြည့်တော့ terminal မှာ proxy ထည့်ဖို့လိုတယ်တဲ့ ။ အဲဒါနဲ့ကျွန်တော် အင်တာနက်ကနေ ရှာကြည်တော့ terminal မှာ proxy address ကို အောက်ကလိုထည့်လို့ရပါတယ်။
အရင်ဆုံး terminal ကိုခေါ်ပြီး အောက်ကဟာလေးကိုရိုက်ထည့်လိုက်ပါ ။ copy & paste လုပ်လိုက်လည်းရပါတယ် ။
sudo gedit /etc/bash.bashrc
ပြီးရင် bash.bashrc ဆိုတဲ့ ဖိုင်လေး ပေါ်လာပါလိမ့်မယ် ။ အဲဒီဖိုင်လေးရဲ့အောက်ဆုံးမှာ အောက်က စာကြောင်းလေးကိုကူးထည့်လိုက်ပါ။
export “http_proxy=http://proxy_ip:port_number”
proxy_ip နဲ့ port_number မှာ ကိုယ့်ရဲ့ proxy number နဲ့ port ကိုထည့်လိုက်ပါ ။ ပြီးရင် save လုပ်ပြီး အဲဒီဖိုင်ကိုပိတ်လိုက်ပါ ။ ကဲ terminal ကနေ proxy ထည့်ပြီးပြီဖြစ်တဲ့အတွက် sudo apt-get update လုပ်လို့ရပါပြီ ။ ဒီဟာလေးက အင်တာနက်သုံးရင် proxy ထည့်ရတဲ့သူတွေအတွက်ပါ ။ auto proxy ဖြစ်တဲ့သူတွေအတွက်မလိုပါဘူး။
Credit >>>> Linuxtent
Follow My Twitter
My Facebook Profile
Subscribe My Channel
RSS



Recent Comments