THE KARATE KID
Apr 10
Video Jackie Chan, Jaden Smith 2 Comments
ဒီကားကတော့နာမည်ကြီး ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်း (Jackie Chan) နဲ့ နာမည်ကြီး လူမည်းမင်းသား Will Smith ရဲ့သား Jaden Smith တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားပါ ။ 1984 တုန်းက ရိုက်ထားတဲ့ကားကို ပြန်ရိုက်ထားတာပါ ။အမေရိကန်နိုင်ငံမှာ June 11 ,2010 မှာ စတင်ပြသမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ကရာတေးကားတွေရဲ့ ဇာတ်လမ်းလို ရိုးရိုးရှင်းရှင်းလေးပါ ။လူမည်းကောင်လေး Dre Parker ဟာ သူအမေနဲ့ အတူ ဘေကျင်းကို ပြောင်းရွှေ့လာရပါတယ် ။ Packer ဟာ တယောတီးတဲ့ကောင်မလေး Mei Ying နဲ့တွေ့ပြီး မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့အတူ Parker ဟာ ကွန်ဖူးတော်တဲ့ ကလေးတွေရဲ့ အနိုင်ကျင့်မှုတွေကို သူ့ဆရာဖြစ်လာမဲ့ Mr.Han ( Jackie Chan ) နဲ့မတွေ့ခင်အထိပါ ။ Mr.Han က Packer ကို ထိရောက်တဲ့ သင်ကြားမှုတွေနဲ့ ကွန်ဖူးသင်ပေးပြီး သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ သူတွေနဲ့ တရားဝင် ပြိုင်ပွဲမှာ ပေးတွေ့စေခဲ့ပါတယ် ။ ပထမကားနဲ့မတူတဲ့ အချက်ကတော့ အရင်ကားက ဂျပန်မှာ ဇာတ်အိမ်တည်ပြီး အခုကတော့ ဘေကျင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ အောက်မှာ Trailer ကြည့်နိုင်ပါတယ် ။
Follow My Twitter
My Facebook Profile
Subscribe My Channel
RSS









Recent Comments