How to quit smoking in YOUTH

2 Comments

How to quit smoking in YOUTH

ဆေးလိပ်သောက်ခြင်းဟာ အခုဆိုရင် လူငယ်တွေကြားမှာ တော်တော်ခေတ်စား လာနေပါပြီ ။ ကျွန်တော့်ပတ်ဝန်းကျင်မှာဆို လေးငါးတန်းလောက်နဲ့ သောက်တဲ့ကာင်လေး  တွေကို တွေ့နေရပါတယ်။ သူတို့လေးတွေ ဆေးလိပ်သောက်ဖြစ်နေတဲ့ အကြောင်းလေးတွေကလည်း အမျိုးမျိုး ရှိနိုင်ကြောင်း  ကျွန်တော်သိပါတယ် ။ မိဘရဲ့ အုပ်ထိမ်းမှု နည်းပါးခြင်း ၊ အတုခိုးမှားခြင်း ၊ အပေါင်းအသင်းများခြင်း စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ် ။ လူငယ်တွေ  ဆေးလိပ်စသောက်ခြင်းဟာ လေးငါးတန်း နဲ့ ကိုးတန်းဆယ်တန်း အတွင်းမှာ စသောက်တတ်ကြပြီး ဆယ်တန်းပြီး တက္ကသိုလ် တက်နေစဉ်မှာလည်း   သောက်ကြပါတယ် ။ အရင်ဆုံး ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ မပြောခင် ကျွန်တော်ကိုယ်တိုင် ဘယ်အသက်အရွယ်  လောက်မှာဆးလိပ် ဘယ်လောက်  သောက်ခဲ့ပြီး  ဘယ်လိုဆေးလိပ်  သောက်တာကို  ဖြတ်ခဲ့လဲဆိုတာကို ပြောပါမယ် ။ ကျွန်တော်ဆေးလိပ်ကို အသက် ၁၀ နှစ်ဝန်းကျင်  ၅တန်းမှာ  ဆေးလိပ်ကို  စတင်စမ်းသပ် သောက်ခဲ့တယ် ။ ကျောင်းကိုသွားတဲ့  ခရီးလမ်းဝေးခြင်းကလည်း  ဆေးလိပ်သောက်ခြင်းကို  အားပေးသလို ဖြစ်ခဲ့ပါတယ်။ ၅တန်းကနေ ဆယ်တန်းအထိကို ဆေးလိပ်အရမ်းကြီး မသောက်ခဲ့ပေမယ့်  ဆေးလိပ်ကောင်းကောင်းရှိုက်တတ်တဲ့ အဆင့်ကို ရောက်ခဲ့တယ် လို့  ပြောနိုင်ပါတယ်။ နေ့တိုင်းဆေးလိပ်  သောက်ဖြစ်ခဲ့တာကတော့ တက္ကသိုလ်စတက်တဲ့ အချိန်ကစခဲ့တာပဲ။ ကျောင်းတက်တဲ့ရက်တိုင်း ဆေးလိပ်ပုံမှန်  သောက်ဖြစ်ခဲ့ပါတယ် ။ နောက်ပြီး  ကျောင်းပြီးလို့  အလုပ်လုပ်တော့လည်း  ဆေးလိပ်ကိုဆက်လက်  သောက်လို့ရတဲ့  အခြေအနေဖြစ်ခဲ့တယ် ။  ဘာလို့လည်းဆိုတော့ အလုပ်မှာ ဆေးလိပ်သီးသန့်  သောက်ဖို့အတွက်  Smoking Room ထားပေးထားပါတယ် ။ အဲလိုသောက်တာတွေ  အားလုံးကို  ကျွန်တော့်အိမ်က  မသိခဲ့ပါဘူး ။ ကျွန်တော်ကလည်း  ကိုယ်နေနေတဲ့ ပတ်ဝန်းကျင်မှာ  ဆေးလိပ်မသောက်တာလည်း  ပါပါတယ် ။ အခုလိုတွေ  ပြောနေတာက  ကျွန်တော်ဆေးလိပ်သောက်တဲ့  သက်တမ်းမနည်းဘူး ဆိုတာပြောချင်တာပါ။  အဲလောက်ဆေးလိပ်သောက်တမ်း များတာကို ကျွန်တော်ဘယ်လို ဆေးလိပ်ဖြတ်ခဲ့လဲ ဆိုတော့ ကျွန်တော်သင်တန်းတစ်ခု  တက်ဖြစ်ရာကနေ ပြတ်သွားခဲ့တာပါ ။ ဘာသင်တန်းလည်းဆိုတော့  မြန်မာနိုင်ငံဆရာဝန်အသင်း လက်အောက်မှာ ဖွင့်ထားတဲ့ Youth Development Programme ပါ။ More

The Three Presentation Essentials

No Comments

1. တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ ။
2.ကြိုတင်လေ့ကျင့်ပါ။
3.သုံးချက်ကိုပဲ မှတ်မိတယ်။

1.တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ ။

Presentation တစ်ခုလုပ်ရင် အကောင်းဆုံးကတော့ သင်ထောက်ကူ ပစဿစည်းတွေ သုံးခြင်းပါ ။ သင်ထောက်ကူ ပစဿစည်းဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ် ။ ဥပမာ : power point သုံးခြင်း ၊ white board သုံးခြင်း ၊ Flirt Chart သုံးခြင်း စသည်ဖြင့် အမျိုးမျိုှးရှိပါတယ် ။

Presentation လုပ်ရင် ကိုယ်ပြောချင်တဲ့ ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို အကျဉ်းချုပ်ပါ ။ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ပုံတွေ သုံးပေးပါ ။ presentation လုပ်နေတဲ့ အကြောင်းအရာတွေကို မှတ်မိလွယ်စေတာကတော့ ပုံတွေကပါ ။ Professor Albert Mehrabian လုပ်တဲ့ presentation research တွေမှာ ၅၅ ရာခိုင်နှုန်းက အမြင်တွေကဖြစ်ပြီး အသံနဲ့က ၃၈ ရာခိုင်နှုန်းနဲ့ စာနဲ့က ၇ ရာနိုင်နှုန်းပါ ။

ဒါကြောင့် ကိုယ့်ရဲ့ presentation မှာ

  1. ပုံတွေကို တတ်နိုင်သလောက် များများသုံးပေးပါ ။ ( ဓါတ်ပုံများ ၊ ဇယားများ ၊ graph များစသဖြင့်)
  2. စကားကို အရမ်းအများကြီးမပြောပါနဲ့ ။ ဘာလို့လဲဆိုတော့ နားထောင်သူတွေ မှတ်ရတာများပြီး အကျိုးမရှိဖြစ်သွားနိုင်ပါတယ် ။
  3. ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းအရာ အတိုချုံးကိုပဲ  presentation ထဲမှာ bullets လုပ်ပြပါ။

2. ကြိုတင်လေ့ကျင့်ပါ ။

အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ ကိုယ်အတိုချုံးထားတဲ့ အချက်အလက်တွေကို ပြန်ချဲ့ ပြရမှာ ဖြစ်တဲ့အတွက် မေ့သွားနိုင်ပါတယ် ။ ကိုယ်ပြောနေရင်းနဲ့ ဘာဆက်ပြောရမလဲ ဖြစ်သွားနိုင်ပါတယ် ။ နားထောင်တဲ့ သူတွေကို စွဲဆောင်ရာမှာ အားနည်းနိုင်ပါတယ် ။  “Rehearse your presentation and it will get better “  ဆိုသလိုပဲ ကြိုတင်လေ့ကျင့်ခြင်းဟာ အောင်မြင်ခြင်းမည်ပါတယ်။ ကြိုတင်လေ့ကျင့်မထားရင် ကိုယ်ဆက်ပြောမယ့် အကြောင်းအရာတွေကို မေ့သွားရင် သူပြောခဲ့တဲ့ အကြောင်းအရာတွေမှာ လည်နေတာတို့ ထပ်ကထပ်ကာ ပြောနေတာတို့ ဖြစ်နိုင်ပါတယ် ။

ဒါကြောင့်

  1. presentation ကို အနည်းဆုံး လေးခေါက်လောက် အသံထွက်လေ့ကျင့်ပါ ။ စိတ်ထဲကပဲ မလေ့ကျင့်ပါနဲ့ ။
  2. အချိန်မှတ်လေ့ကျင့်ပါ ။ ကိုယ့် presentation ပေးထားတဲ့ အချိန်ထက် အတတ်နိုင်ဆုံး လေ့ကျင့်နိုင်လေ ကောင်းလေပါ။
  3. ကိုယ့် presentation ကို မှတ်တမ်းတင်ထားပါ ။  voice recorder နဲ့ဖြစ်ဖြစ် video recorder နဲ့ဖြစ်ဖြစ်ပါ။ အဲလိုပစဿစည်းတွေမရှိရင် လူတစ်ယောက်ယောက်ရှေ့မှာ လေ့ကျင့်ပါ ။ ညီအကိုမောင်နှစ်မ ဆွေမျိုးသားခြင်း စသည်ဖြင့် ။ လူမရှိရင်တော့ မှန်ရှေ့မှာ လေ့ကျင့်ပါ ။အသုံးဝင်မှာပါ။

3.သုံးချက်ကိုပဲ မှတ်မိတယ်။

သုံးချက်ပဲ မှတ်မိတယ် ဆိုတာကို ပြန်ရှင်းပါ့မယ် ။ ကိုယ့် presentation မှာ ဖော်ပြတဲ့အခါ တစ်မျက်နှာမှာ အချက်သုံးချက်ထက် သိပ်ပြီးမပိုပါစေနဲ့ ။ ဥပမာ အနေနဲ့ပြောရရင် ငယ်ငယ်တုန်းက ကိုယ့်အမေက ဈေးဆိုင်မှာ ပစဿစည်းတွေ အများကြီးဝယ်ခိုင်းပြီဆိုရင် သုံးမျိုးလောက်ကိုပဲ သေချာမှတ်မိပါတယ် ။ ဒီထက်ပိုပြီးလည်း မှတ်မိနိုင်ပါတယ် ။ ကျွန်တော်က လူတွေအားလုံးကို ခြုံပြီး ပြောခြင်းပါ။ ဒါကြောင့် အဓိက အချက်သုံးချက်  ရှိပြီဆိုရင် အဲဒီအဓိက အချက်တစ်ခုစီရဲ့ အောက်မှာ သုံးချက်စီ ထပ်ခွဲလို့ရတယ်လို့ ဆိုခြင်းပါ။

နောက်ပြီး ကိုယ့်ရဲ့ presentation တစ်ခုမှာ အပိုင်းသုံးပိုင်းပဲ ရှိပါတယ် ။ အဲဒါကတော့ အစ, အလယ်, အဆုံးပါ။ အစမှာ ကိုယ်ပြောချင်တဲ့ ပေးချင်တဲ့ အချက်အလက်တွေ ပြောဖို့နဲ့ အဆုံးကတော့ ကိုယ်ပြောခဲ့တာတွေ မှတ်မိသွားစေဖို့ပါ။

အချက်သုံးချက်ထက် မကျော်လေ ပိုကောင်းလေပါ ။ ဒါကတော့ အဓိကအချက်တွေ အရမ်းများနေရင် လျှော့ပါ ။ ကိုယ့် presentation မှာ စာအရမ်းနည်းနေလို့ ဘယ်သူမှ အထွန့်တက်မနေပါဘူး ။

ကျွန်တော် အပေါ်မှာ ပြောတာတွေကတော့ presentation မှာ လိုအပ်တဲ့ အဓိကအချက်သုံးချက်ပါ ။ ဒီပို့စ်ကိုဖတ်ပြီး Good Presenter  တွေဖြစ်ပါစေလို့ …… :)

မှတ်ချက် ။ ဒီပို့စ်ဟာ အောက်ကလင့်ကနေ နားလည်သလောက် ဘာသာပြန်ထားခြင်း ဖြစ်တဲ့အတွက် အမှားပါနိုင်ပါတယ်။

Translate From :  Essential Presentation Skills