BarCamp Yangon 2011 ကျင်းပရေးအတွက် Organizer Team ဖွဲ့စည်းမည်။

No Comments

၂၀၁၀ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည့် BarCamp ဖြစ်သော BarCamp Yangon ကို ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ် ကျင်းပနိုင်ရန် Organizer Team ကို ယခုနှစ် သြဂုတ်လထဲတွင် ဖွဲ့စည်းမည် ဖြစ်သည်။

BarCamp Yangon 2010 ကို ဦးစီးကျင်းပခဲ့သော Organizer Team မှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကွန်ပျူတာ ပညာရှင်များ၊ နည်းပညာ စိတ်ဝင်စားသူများနှင့် ပွဲကျင်းပရေး လုပ်ငန်းများ တွင် တက်ကြွစွာ ဆောင်ရွက်နိုင်သူများအား BarCamp Yangon 2011 Organizer Team (BCY11-OT) တွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည်။ စိတ်ပါဝင်စားသူများသည် BarCampYangon website (www.barcampyangon.org) တွင် email signup လုပ်ထားခြင်းဖြင့် အစည်းအဝေးသို့ ဖိတ်ကြား ခံရမည် ဖြစ်သည်။

BarCamp Yangon 2010 ကို ဇန်နဝါရီလက မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ရာ ကမ္ဘာတဝန်း BarCamp များ တက်ရောက်သည့် လူဦးရေး စံချိန် တင်နိုင်ခဲ့သည်။ BarCamp များကို မြန်မာနိုင်ငံအတွင်း မြို့ကြီးများတွင် ဆက်လက် ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် ပူးပေါင်း
ဆောင်ရွက်သွားမည် ဖြစ်သည်။



Spain 1 – 0 Portugal … Hero is David Villa

No Comments

ဒီနေ့ညတော့ http://iraqgoals.net/9159-world-cup-match.html ကနေ စပိန် နဲ့ ပေါ်တူဂီ ပွဲကို အင်တာနက်ကနေ Video Streaming နဲ့ ကြည့်ဖြစ်တယ် အလုပ်က အင်တာနက် ကွန်နက်ရှင်ကောင်းလို့လား မသိဘူး ။ ကြည့်ရတာ အရသာရှိတယ် ။ နိုင်ငံခြား ရုပ်သံလိုင်းက ကြော်ငြာ ကြည့်တာတာ မြ၀တီက ကြော်ငြာ တွေကြည့်ရတာထင် သာတယ်လို့ထင်တယ် ။ နောက်ပြီး Match Analytic ပြန်လုပ်တာလည်း ကြည့်ရတယ် ။ အခုပို့စ်တောင် Match Analytic လုပ်နေတုန်း တင်လိုက်တာပါ ။

စာအုပ်မိတ်ဆက်ပွဲ နှင့် လက်မှတ်ရေးထိုးပွဲ

No Comments

How to quit smoking in YOUTH

2 Comments

How to quit smoking in YOUTH

ဆေးလိပ်သောက်ခြင်းဟာ အခုဆိုရင် လူငယ်တွေကြားမှာ တော်တော်ခေတ်စား လာနေပါပြီ ။ ကျွန်တော့်ပတ်ဝန်းကျင်မှာဆို လေးငါးတန်းလောက်နဲ့ သောက်တဲ့ကာင်လေး  တွေကို တွေ့နေရပါတယ်။ သူတို့လေးတွေ ဆေးလိပ်သောက်ဖြစ်နေတဲ့ အကြောင်းလေးတွေကလည်း အမျိုးမျိုး ရှိနိုင်ကြောင်း  ကျွန်တော်သိပါတယ် ။ မိဘရဲ့ အုပ်ထိမ်းမှု နည်းပါးခြင်း ၊ အတုခိုးမှားခြင်း ၊ အပေါင်းအသင်းများခြင်း စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ် ။ လူငယ်တွေ  ဆေးလိပ်စသောက်ခြင်းဟာ လေးငါးတန်း နဲ့ ကိုးတန်းဆယ်တန်း အတွင်းမှာ စသောက်တတ်ကြပြီး ဆယ်တန်းပြီး တက္ကသိုလ် တက်နေစဉ်မှာလည်း   သောက်ကြပါတယ် ။ အရင်ဆုံး ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ မပြောခင် ကျွန်တော်ကိုယ်တိုင် ဘယ်အသက်အရွယ်  လောက်မှာဆးလိပ် ဘယ်လောက်  သောက်ခဲ့ပြီး  ဘယ်လိုဆေးလိပ်  သောက်တာကို  ဖြတ်ခဲ့လဲဆိုတာကို ပြောပါမယ် ။ ကျွန်တော်ဆေးလိပ်ကို အသက် ၁၀ နှစ်ဝန်းကျင်  ၅တန်းမှာ  ဆေးလိပ်ကို  စတင်စမ်းသပ် သောက်ခဲ့တယ် ။ ကျောင်းကိုသွားတဲ့  ခရီးလမ်းဝေးခြင်းကလည်း  ဆေးလိပ်သောက်ခြင်းကို  အားပေးသလို ဖြစ်ခဲ့ပါတယ်။ ၅တန်းကနေ ဆယ်တန်းအထိကို ဆေးလိပ်အရမ်းကြီး မသောက်ခဲ့ပေမယ့်  ဆေးလိပ်ကောင်းကောင်းရှိုက်တတ်တဲ့ အဆင့်ကို ရောက်ခဲ့တယ် လို့  ပြောနိုင်ပါတယ်။ နေ့တိုင်းဆေးလိပ်  သောက်ဖြစ်ခဲ့တာကတော့ တက္ကသိုလ်စတက်တဲ့ အချိန်ကစခဲ့တာပဲ။ ကျောင်းတက်တဲ့ရက်တိုင်း ဆေးလိပ်ပုံမှန်  သောက်ဖြစ်ခဲ့ပါတယ် ။ နောက်ပြီး  ကျောင်းပြီးလို့  အလုပ်လုပ်တော့လည်း  ဆေးလိပ်ကိုဆက်လက်  သောက်လို့ရတဲ့  အခြေအနေဖြစ်ခဲ့တယ် ။  ဘာလို့လည်းဆိုတော့ အလုပ်မှာ ဆေးလိပ်သီးသန့်  သောက်ဖို့အတွက်  Smoking Room ထားပေးထားပါတယ် ။ အဲလိုသောက်တာတွေ  အားလုံးကို  ကျွန်တော့်အိမ်က  မသိခဲ့ပါဘူး ။ ကျွန်တော်ကလည်း  ကိုယ်နေနေတဲ့ ပတ်ဝန်းကျင်မှာ  ဆေးလိပ်မသောက်တာလည်း  ပါပါတယ် ။ အခုလိုတွေ  ပြောနေတာက  ကျွန်တော်ဆေးလိပ်သောက်တဲ့  သက်တမ်းမနည်းဘူး ဆိုတာပြောချင်တာပါ။  အဲလောက်ဆေးလိပ်သောက်တမ်း များတာကို ကျွန်တော်ဘယ်လို ဆေးလိပ်ဖြတ်ခဲ့လဲ ဆိုတော့ ကျွန်တော်သင်တန်းတစ်ခု  တက်ဖြစ်ရာကနေ ပြတ်သွားခဲ့တာပါ ။ ဘာသင်တန်းလည်းဆိုတော့  မြန်မာနိုင်ငံဆရာဝန်အသင်း လက်အောက်မှာ ဖွင့်ထားတဲ့ Youth Development Programme ပါ။ More

The Three Presentation Essentials

No Comments

1. တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ ။
2.ကြိုတင်လေ့ကျင့်ပါ။
3.သုံးချက်ကိုပဲ မှတ်မိတယ်။

1.တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ ။

Presentation တစ်ခုလုပ်ရင် အကောင်းဆုံးကတော့ သင်ထောက်ကူ ပစဿစည်းတွေ သုံးခြင်းပါ ။ သင်ထောက်ကူ ပစဿစည်းဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ် ။ ဥပမာ : power point သုံးခြင်း ၊ white board သုံးခြင်း ၊ Flirt Chart သုံးခြင်း စသည်ဖြင့် အမျိုးမျိုှးရှိပါတယ် ။

Presentation လုပ်ရင် ကိုယ်ပြောချင်တဲ့ ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို အကျဉ်းချုပ်ပါ ။ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ပုံတွေ သုံးပေးပါ ။ presentation လုပ်နေတဲ့ အကြောင်းအရာတွေကို မှတ်မိလွယ်စေတာကတော့ ပုံတွေကပါ ။ Professor Albert Mehrabian လုပ်တဲ့ presentation research တွေမှာ ၅၅ ရာခိုင်နှုန်းက အမြင်တွေကဖြစ်ပြီး အသံနဲ့က ၃၈ ရာခိုင်နှုန်းနဲ့ စာနဲ့က ၇ ရာနိုင်နှုန်းပါ ။

ဒါကြောင့် ကိုယ့်ရဲ့ presentation မှာ

  1. ပုံတွေကို တတ်နိုင်သလောက် များများသုံးပေးပါ ။ ( ဓါတ်ပုံများ ၊ ဇယားများ ၊ graph များစသဖြင့်)
  2. စကားကို အရမ်းအများကြီးမပြောပါနဲ့ ။ ဘာလို့လဲဆိုတော့ နားထောင်သူတွေ မှတ်ရတာများပြီး အကျိုးမရှိဖြစ်သွားနိုင်ပါတယ် ။
  3. ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းအရာ အတိုချုံးကိုပဲ  presentation ထဲမှာ bullets လုပ်ပြပါ။

2. ကြိုတင်လေ့ကျင့်ပါ ။

အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ ကိုယ်အတိုချုံးထားတဲ့ အချက်အလက်တွေကို ပြန်ချဲ့ ပြရမှာ ဖြစ်တဲ့အတွက် မေ့သွားနိုင်ပါတယ် ။ ကိုယ်ပြောနေရင်းနဲ့ ဘာဆက်ပြောရမလဲ ဖြစ်သွားနိုင်ပါတယ် ။ နားထောင်တဲ့ သူတွေကို စွဲဆောင်ရာမှာ အားနည်းနိုင်ပါတယ် ။  “Rehearse your presentation and it will get better “  ဆိုသလိုပဲ ကြိုတင်လေ့ကျင့်ခြင်းဟာ အောင်မြင်ခြင်းမည်ပါတယ်။ ကြိုတင်လေ့ကျင့်မထားရင် ကိုယ်ဆက်ပြောမယ့် အကြောင်းအရာတွေကို မေ့သွားရင် သူပြောခဲ့တဲ့ အကြောင်းအရာတွေမှာ လည်နေတာတို့ ထပ်ကထပ်ကာ ပြောနေတာတို့ ဖြစ်နိုင်ပါတယ် ။

ဒါကြောင့်

  1. presentation ကို အနည်းဆုံး လေးခေါက်လောက် အသံထွက်လေ့ကျင့်ပါ ။ စိတ်ထဲကပဲ မလေ့ကျင့်ပါနဲ့ ။
  2. အချိန်မှတ်လေ့ကျင့်ပါ ။ ကိုယ့် presentation ပေးထားတဲ့ အချိန်ထက် အတတ်နိုင်ဆုံး လေ့ကျင့်နိုင်လေ ကောင်းလေပါ။
  3. ကိုယ့် presentation ကို မှတ်တမ်းတင်ထားပါ ။  voice recorder နဲ့ဖြစ်ဖြစ် video recorder နဲ့ဖြစ်ဖြစ်ပါ။ အဲလိုပစဿစည်းတွေမရှိရင် လူတစ်ယောက်ယောက်ရှေ့မှာ လေ့ကျင့်ပါ ။ ညီအကိုမောင်နှစ်မ ဆွေမျိုးသားခြင်း စသည်ဖြင့် ။ လူမရှိရင်တော့ မှန်ရှေ့မှာ လေ့ကျင့်ပါ ။အသုံးဝင်မှာပါ။

3.သုံးချက်ကိုပဲ မှတ်မိတယ်။

သုံးချက်ပဲ မှတ်မိတယ် ဆိုတာကို ပြန်ရှင်းပါ့မယ် ။ ကိုယ့် presentation မှာ ဖော်ပြတဲ့အခါ တစ်မျက်နှာမှာ အချက်သုံးချက်ထက် သိပ်ပြီးမပိုပါစေနဲ့ ။ ဥပမာ အနေနဲ့ပြောရရင် ငယ်ငယ်တုန်းက ကိုယ့်အမေက ဈေးဆိုင်မှာ ပစဿစည်းတွေ အများကြီးဝယ်ခိုင်းပြီဆိုရင် သုံးမျိုးလောက်ကိုပဲ သေချာမှတ်မိပါတယ် ။ ဒီထက်ပိုပြီးလည်း မှတ်မိနိုင်ပါတယ် ။ ကျွန်တော်က လူတွေအားလုံးကို ခြုံပြီး ပြောခြင်းပါ။ ဒါကြောင့် အဓိက အချက်သုံးချက်  ရှိပြီဆိုရင် အဲဒီအဓိက အချက်တစ်ခုစီရဲ့ အောက်မှာ သုံးချက်စီ ထပ်ခွဲလို့ရတယ်လို့ ဆိုခြင်းပါ။

နောက်ပြီး ကိုယ့်ရဲ့ presentation တစ်ခုမှာ အပိုင်းသုံးပိုင်းပဲ ရှိပါတယ် ။ အဲဒါကတော့ အစ, အလယ်, အဆုံးပါ။ အစမှာ ကိုယ်ပြောချင်တဲ့ ပေးချင်တဲ့ အချက်အလက်တွေ ပြောဖို့နဲ့ အဆုံးကတော့ ကိုယ်ပြောခဲ့တာတွေ မှတ်မိသွားစေဖို့ပါ။

အချက်သုံးချက်ထက် မကျော်လေ ပိုကောင်းလေပါ ။ ဒါကတော့ အဓိကအချက်တွေ အရမ်းများနေရင် လျှော့ပါ ။ ကိုယ့် presentation မှာ စာအရမ်းနည်းနေလို့ ဘယ်သူမှ အထွန့်တက်မနေပါဘူး ။

ကျွန်တော် အပေါ်မှာ ပြောတာတွေကတော့ presentation မှာ လိုအပ်တဲ့ အဓိကအချက်သုံးချက်ပါ ။ ဒီပို့စ်ကိုဖတ်ပြီး Good Presenter  တွေဖြစ်ပါစေလို့ …… :)

မှတ်ချက် ။ ဒီပို့စ်ဟာ အောက်ကလင့်ကနေ နားလည်သလောက် ဘာသာပြန်ထားခြင်း ဖြစ်တဲ့အတွက် အမှားပါနိုင်ပါတယ်။

Translate From :  Essential Presentation Skills

Older Entries