Bagan Trip
Aug 26
My Travel Bagan, Espace, Trip No Comments
19.8.2010 မှာ အလုပ်လုပ်နေတဲ့ဆိုင် ဖွင့်တာ ငါးနှစ်ပြည့် အဖြစ် ပုဂံ – ပုပ္ပါး ဘုရားဖူး ထွက်ရတယ် ။ ဆိုင်မှာ ရှိတဲ့လူ ၄၀ ကျော်လောက်နဲ့ သွားရတာဆိုတော့ တော်တော်ပျော်ဖို့ကောင်းပါတယ် ။ အမှန်တော့ ပုဂံကိုရောက်ဖူးတာ အခုတစ်ခါနဲ့ဆို သုံးခါပြည့်သွားပါပြီ ။ ပထမက တက္ကသိုလ်က သူငယ်ချင်းတွေ ဘွဲ့လွန်ပြီးတုန်းက တစ်ခါ ၊ နောက်တော့ ဘားကမ့်မှာခင်ခဲ့တဲ့ John Berns ဆိုတဲ့ Barcamp Bangkok Organizer နဲ့တစ်ခါ (အဲဒီတစ်ခါက ဒီနှစ် ၁ လပိုင်းအကုန်လောက် သွားဖြစ်ခဲ့တာပါ ) အခေါက်တိုင်း မတူညီတဲ့ ပျော်ရွှင်မှုတွေကို ပေးပါတယ် ။ နောက်ပြီး ဒီတစ်ခေါက်က အရင်နှစ်ခါက မရောက်ဖူးခဲ့တဲ့ စွယ်တော်လေးဆူ နေ့ချင်းဖူး ကိုဖူးဖြစ်ခဲ့ပါတယ် ။ နောက်ပြီး ဒီတစ်ခေါက် ပိုက်ဆံအကုန် သက်သာခဲ့တယ် ။ အစစအရာရာ အပြီးအစီးဆိုတော့ ပိုက်ဆံ ငါးထောင်ပဲ ကုန်သလို ငါးထောင်လောက်ပဲ ပါသွားခဲ့ပါတယ် ။
ထမင်းစားရာမှာလည်း Breakfast ဘူဖေး နေ့လည်စာဘူဖေး ညဘူဖေး နဲ့လူလည်း နည်းနည်းဝလာသလိုတောင် ဖြစ်သွားတယ် ။ ဟိုတယ်ရေကူးကန် ကလည်း တော်တော်ကူးလို့ကောင်းပါတယ် ။ ဘယ်လောက်ပျော်ခဲ့လည်းဆိုတာကို အောက်က ပုံများကို ဆက်လက်ကြည့်ပါကုန်။
Follow My Twitter
My Facebook Profile
Subscribe My Channel
RSS
























Recent Comments