စာအုပ်မိတ်ဆက်ပွဲ နှင့် လက်မှတ်ရေးထိုးပွဲ
May 05
Find,Write,Share
May 04
Tips & Trick How To, quite, smoking 2 Comments
ဆေးလိပ်သောက်ခြင်းဟာ အခုဆိုရင် လူငယ်တွေကြားမှာ တော်တော်ခေတ်စား လာနေပါပြီ ။ ကျွန်တော့်ပတ်ဝန်းကျင်မှာဆို လေးငါးတန်းလောက်နဲ့ သောက်တဲ့ကာင်လေး တွေကို တွေ့နေရပါတယ်။ သူတို့လေးတွေ ဆေးလိပ်သောက်ဖြစ်နေတဲ့ အကြောင်းလေးတွေကလည်း အမျိုးမျိုး ရှိနိုင်ကြောင်း ကျွန်တော်သိပါတယ် ။ မိဘရဲ့ အုပ်ထိမ်းမှု နည်းပါးခြင်း ၊ အတုခိုးမှားခြင်း ၊ အပေါင်းအသင်းများခြင်း စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ် ။ လူငယ်တွေ ဆေးလိပ်စသောက်ခြင်းဟာ လေးငါးတန်း နဲ့ ကိုးတန်းဆယ်တန်း အတွင်းမှာ စသောက်တတ်ကြပြီး ဆယ်တန်းပြီး တက္ကသိုလ် တက်နေစဉ်မှာလည်း သောက်ကြပါတယ် ။ အရင်ဆုံး ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ မပြောခင် ကျွန်တော်ကိုယ်တိုင် ဘယ်အသက်အရွယ် လောက်မှာဆးလိပ် ဘယ်လောက် သောက်ခဲ့ပြီး ဘယ်လိုဆေးလိပ် သောက်တာကို ဖြတ်ခဲ့လဲဆိုတာကို ပြောပါမယ် ။ ကျွန်တော်ဆေးလိပ်ကို အသက် ၁၀ နှစ်ဝန်းကျင် ၅တန်းမှာ ဆေးလိပ်ကို စတင်စမ်းသပ် သောက်ခဲ့တယ် ။ ကျောင်းကိုသွားတဲ့ ခရီးလမ်းဝေးခြင်းကလည်း ဆေးလိပ်သောက်ခြင်းကို အားပေးသလို ဖြစ်ခဲ့ပါတယ်။ ၅တန်းကနေ ဆယ်တန်းအထိကို ဆေးလိပ်အရမ်းကြီး မသောက်ခဲ့ပေမယ့် ဆေးလိပ်ကောင်းကောင်းရှိုက်တတ်တဲ့ အဆင့်ကို ရောက်ခဲ့တယ် လို့ ပြောနိုင်ပါတယ်။ နေ့တိုင်းဆေးလိပ် သောက်ဖြစ်ခဲ့တာကတော့ တက္ကသိုလ်စတက်တဲ့ အချိန်ကစခဲ့တာပဲ။ ကျောင်းတက်တဲ့ရက်တိုင်း ဆေးလိပ်ပုံမှန် သောက်ဖြစ်ခဲ့ပါတယ် ။ နောက်ပြီး ကျောင်းပြီးလို့ အလုပ်လုပ်တော့လည်း ဆေးလိပ်ကိုဆက်လက် သောက်လို့ရတဲ့ အခြေအနေဖြစ်ခဲ့တယ် ။ ဘာလို့လည်းဆိုတော့ အလုပ်မှာ ဆေးလိပ်သီးသန့် သောက်ဖို့အတွက် Smoking Room ထားပေးထားပါတယ် ။ အဲလိုသောက်တာတွေ အားလုံးကို ကျွန်တော့်အိမ်က မသိခဲ့ပါဘူး ။ ကျွန်တော်ကလည်း ကိုယ်နေနေတဲ့ ပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်တာလည်း ပါပါတယ် ။ အခုလိုတွေ ပြောနေတာက ကျွန်တော်ဆေးလိပ်သောက်တဲ့ သက်တမ်းမနည်းဘူး ဆိုတာပြောချင်တာပါ။ အဲလောက်ဆေးလိပ်သောက်တမ်း များတာကို ကျွန်တော်ဘယ်လို ဆေးလိပ်ဖြတ်ခဲ့လဲ ဆိုတော့ ကျွန်တော်သင်တန်းတစ်ခု တက်ဖြစ်ရာကနေ ပြတ်သွားခဲ့တာပါ ။ ဘာသင်တန်းလည်းဆိုတော့ မြန်မာနိုင်ငံဆရာဝန်အသင်း လက်အောက်မှာ ဖွင့်ထားတဲ့ Youth Development Programme ပါ။ More
Recent Comments