Apr 27
exiterTips & Trick essential, presentation, skill
1. တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ ။
2.ကြိုတင်လေ့ကျင့်ပါ။
3.သုံးချက်ကိုပဲ မှတ်မိတယ်။
1.တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ ။
Presentation တစ်ခုလုပ်ရင် အကောင်းဆုံးကတော့ သင်ထောက်ကူ ပစဿစည်းတွေ သုံးခြင်းပါ ။ သင်ထောက်ကူ ပစဿစည်းဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ် ။ ဥပမာ : power point သုံးခြင်း ၊ white board သုံးခြင်း ၊ Flirt Chart သုံးခြင်း စသည်ဖြင့် အမျိုးမျိုှးရှိပါတယ် ။
Presentation လုပ်ရင် ကိုယ်ပြောချင်တဲ့ ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို အကျဉ်းချုပ်ပါ ။ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ပုံတွေ သုံးပေးပါ ။ presentation လုပ်နေတဲ့ အကြောင်းအရာတွေကို မှတ်မိလွယ်စေတာကတော့ ပုံတွေကပါ ။ Professor Albert Mehrabian လုပ်တဲ့ presentation research တွေမှာ ၅၅ ရာခိုင်နှုန်းက အမြင်တွေကဖြစ်ပြီး အသံနဲ့က ၃၈ ရာခိုင်နှုန်းနဲ့ စာနဲ့က ၇ ရာနိုင်နှုန်းပါ ။

ဒါကြောင့် ကိုယ့်ရဲ့ presentation မှာ
- ပုံတွေကို တတ်နိုင်သလောက် များများသုံးပေးပါ ။ ( ဓါတ်ပုံများ ၊ ဇယားများ ၊ graph များစသဖြင့်)
- စကားကို အရမ်းအများကြီးမပြောပါနဲ့ ။ ဘာလို့လဲဆိုတော့ နားထောင်သူတွေ မှတ်ရတာများပြီး အကျိုးမရှိဖြစ်သွားနိုင်ပါတယ် ။
- ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းအရာ အတိုချုံးကိုပဲ presentation ထဲမှာ bullets လုပ်ပြပါ။
2. ကြိုတင်လေ့ကျင့်ပါ ။

အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ ကိုယ်အတိုချုံးထားတဲ့ အချက်အလက်တွေကို ပြန်ချဲ့ ပြရမှာ ဖြစ်တဲ့အတွက် မေ့သွားနိုင်ပါတယ် ။ ကိုယ်ပြောနေရင်းနဲ့ ဘာဆက်ပြောရမလဲ ဖြစ်သွားနိုင်ပါတယ် ။ နားထောင်တဲ့ သူတွေကို စွဲဆောင်ရာမှာ အားနည်းနိုင်ပါတယ် ။ “Rehearse your presentation and it will get better “ ဆိုသလိုပဲ ကြိုတင်လေ့ကျင့်ခြင်းဟာ အောင်မြင်ခြင်းမည်ပါတယ်။ ကြိုတင်လေ့ကျင့်မထားရင် ကိုယ်ဆက်ပြောမယ့် အကြောင်းအရာတွေကို မေ့သွားရင် သူပြောခဲ့တဲ့ အကြောင်းအရာတွေမှာ လည်နေတာတို့ ထပ်ကထပ်ကာ ပြောနေတာတို့ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့်
- presentation ကို အနည်းဆုံး လေးခေါက်လောက် အသံထွက်လေ့ကျင့်ပါ ။ စိတ်ထဲကပဲ မလေ့ကျင့်ပါနဲ့ ။
- အချိန်မှတ်လေ့ကျင့်ပါ ။ ကိုယ့် presentation ပေးထားတဲ့ အချိန်ထက် အတတ်နိုင်ဆုံး လေ့ကျင့်နိုင်လေ ကောင်းလေပါ။
- ကိုယ့် presentation ကို မှတ်တမ်းတင်ထားပါ ။ voice recorder နဲ့ဖြစ်ဖြစ် video recorder နဲ့ဖြစ်ဖြစ်ပါ။ အဲလိုပစဿစည်းတွေမရှိရင် လူတစ်ယောက်ယောက်ရှေ့မှာ လေ့ကျင့်ပါ ။ ညီအကိုမောင်နှစ်မ ဆွေမျိုးသားခြင်း စသည်ဖြင့် ။ လူမရှိရင်တော့ မှန်ရှေ့မှာ လေ့ကျင့်ပါ ။အသုံးဝင်မှာပါ။
3.သုံးချက်ကိုပဲ မှတ်မိတယ်။

သုံးချက်ပဲ မှတ်မိတယ် ဆိုတာကို ပြန်ရှင်းပါ့မယ် ။ ကိုယ့် presentation မှာ ဖော်ပြတဲ့အခါ တစ်မျက်နှာမှာ အချက်သုံးချက်ထက် သိပ်ပြီးမပိုပါစေနဲ့ ။ ဥပမာ အနေနဲ့ပြောရရင် ငယ်ငယ်တုန်းက ကိုယ့်အမေက ဈေးဆိုင်မှာ ပစဿစည်းတွေ အများကြီးဝယ်ခိုင်းပြီဆိုရင် သုံးမျိုးလောက်ကိုပဲ သေချာမှတ်မိပါတယ် ။ ဒီထက်ပိုပြီးလည်း မှတ်မိနိုင်ပါတယ် ။ ကျွန်တော်က လူတွေအားလုံးကို ခြုံပြီး ပြောခြင်းပါ။ ဒါကြောင့် အဓိက အချက်သုံးချက် ရှိပြီဆိုရင် အဲဒီအဓိက အချက်တစ်ခုစီရဲ့ အောက်မှာ သုံးချက်စီ ထပ်ခွဲလို့ရတယ်လို့ ဆိုခြင်းပါ။
နောက်ပြီး ကိုယ့်ရဲ့ presentation တစ်ခုမှာ အပိုင်းသုံးပိုင်းပဲ ရှိပါတယ် ။ အဲဒါကတော့ အစ, အလယ်, အဆုံးပါ။ အစမှာ ကိုယ်ပြောချင်တဲ့ ပေးချင်တဲ့ အချက်အလက်တွေ ပြောဖို့နဲ့ အဆုံးကတော့ ကိုယ်ပြောခဲ့တာတွေ မှတ်မိသွားစေဖို့ပါ။
အချက်သုံးချက်ထက် မကျော်လေ ပိုကောင်းလေပါ ။ ဒါကတော့ အဓိကအချက်တွေ အရမ်းများနေရင် လျှော့ပါ ။ ကိုယ့် presentation မှာ စာအရမ်းနည်းနေလို့ ဘယ်သူမှ အထွန့်တက်မနေပါဘူး ။
ကျွန်တော် အပေါ်မှာ ပြောတာတွေကတော့ presentation မှာ လိုအပ်တဲ့ အဓိကအချက်သုံးချက်ပါ ။ ဒီပို့စ်ကိုဖတ်ပြီး Good Presenter တွေဖြစ်ပါစေလို့ ……
မှတ်ချက် ။ ဒီပို့စ်ဟာ အောက်ကလင့်ကနေ နားလည်သလောက် ဘာသာပြန်ထားခြင်း ဖြစ်တဲ့အတွက် အမှားပါနိုင်ပါတယ်။
Translate From : Essential Presentation Skills
Apr 22
exiterfacebook facebook, Mark Zuckerberg

မနေ့ညက ၁၂ လောက်က f8 live ကို စေတန် ပြောလို့ ကြည့်ဖြစ်သွားတယ် ။ ပွဲမှာ Facebook CEO နဲ့ တည်ထောင်သူ Mark Zuckerberg ရဲ့ keynote ကို live ကြည့်ခဲ့ရတယ် ။ဿ အခုဆိုရင် Facebook သုံးတဲ့လူပောင်း 4M ကျှောသွားပာပြီ ။ ကျွန်တှော အပာအ၀င်ပော့လေ ။
Facebook ရဲ့ နောက်ထွက်မယ့် Features အသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပာတယ် ။ f8 ရဲ့ ဖေ့ဘွတ် Page ကတော့ ဒီမှာ ပာ။ live ကိုတော့ ဒီက နေကြည့်ခဲ့ရပာတယ် ။ အခုသွားကြည့်ရင်တော့ keynote တွေကို replay ပြန်ပြပေးနေပာတယ်။ Mark ပြောတာတွေက ကောင်းပေမယ့် ကျွန်တော့စိတ်ထင် မြန်တယ်လို့ထင်ပာတယ် ။ ကျွန်တှော listening skill မကောင်းလို့ ပဲလားတော့ မသိဘူး ။
နောက်ပြီး Mark စိတ်လှုပ်ရှားနေတာ သိသာနေပာတယ် ။ စကားပြောရင်း လည်း အရွှန်းဖောက်သွားတာလည်း တွေ့ပာတယ် ။ နောက်ပြီး features တွေကိုရှင်းပြရမှာ ဆေးကျောင်းမှာတက်နေတဲ့ သူ့ကောင်မလေးကို ကြှောငြာဝင်ရင်း ရှင်းပြသွားတယ် ။
Features တွေကိုတော့ ကျွန်တှောက Web developing အပိုင်းသိပ်မသိတော့ သေချာတော့ မရှင်းပြနိုင်ပာဘူး။ သူကအဓိက http://graph.facebook.com/xxx eg., http://graph.facebook.com/exiter အကြောင်း နောက်ပြီး Social Plugin တွေမှာ Like button ကိုထည့်ပေးထားတဲ့ အကြောင်းနဲ့ . အခု Beta အနေနဲ့ Launch လုပ်ထားတဲ့ http://docs.com ကို facebook အကောင့်ရှိတာနဲ့ ၀င်လို့ရပြီး office files တွေကို share လုပ်နိုင်မှာ ဖြစ်ပာတယ် ။ အခုပြောတာကတော့ ကျွန်တှောကြည့်ပြီး နားလည်သလောက်လေး ပြောပြတာပာ ။ အမှားလည်း ပာနိုင်ပာတယ် ။
Apr 10
exiterVideo Jackie Chan, Jaden Smith

ဒီကားကတော့နာမည်ကြီး ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်း (Jackie Chan) နဲ့ နာမည်ကြီး လူမည်းမင်းသား Will Smith ရဲ့သား Jaden Smith တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားပါ ။ 1984 တုန်းက ရိုက်ထားတဲ့ကားကို ပြန်ရိုက်ထားတာပါ ။အမေရိကန်နိုင်ငံမှာ June 11 ,2010 မှာ စတင်ပြသမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ကရာတေးကားတွေရဲ့ ဇာတ်လမ်းလို ရိုးရိုးရှင်းရှင်းလေးပါ ။လူမည်းကောင်လေး Dre Parker ဟာ သူအမေနဲ့ အတူ ဘေကျင်းကို ပြောင်းရွှေ့လာရပါတယ် ။ Packer ဟာ တယောတီးတဲ့ကောင်မလေး Mei Ying နဲ့တွေ့ပြီး မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့အတူ Parker ဟာ ကွန်ဖူးတော်တဲ့ ကလေးတွေရဲ့ အနိုင်ကျင့်မှုတွေကို သူ့ဆရာဖြစ်လာမဲ့ Mr.Han ( Jackie Chan ) နဲ့မတွေ့ခင်အထိပါ ။ Mr.Han က Packer ကို ထိရောက်တဲ့ သင်ကြားမှုတွေနဲ့ ကွန်ဖူးသင်ပေးပြီး သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ သူတွေနဲ့ တရားဝင် ပြိုင်ပွဲမှာ ပေးတွေ့စေခဲ့ပါတယ် ။ ပထမကားနဲ့မတူတဲ့ အချက်ကတော့ အရင်ကားက ဂျပန်မှာ ဇာတ်အိမ်တည်ပြီး အခုကတော့ ဘေကျင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ အောက်မှာ Trailer ကြည့်နိုင်ပါတယ် ။
Ref:http://en.wikipedia.org/wiki/The_Karate_Kid_(2010_film)
Apr 01
exiterMysteryzillion, Post Mysteryzillion, Third Anniversary

MZ Third Anniversary Confirm Date And Place
အမ်ဇက် မမ်ဘာများကို တောင်းပန်ရင်းနှင့် သုံးနှစ်ပြည့်လုပ်မည့် နေရာနှင့် အစီအစဉ်များကို အသိပေးခြင်း။
ကျွန်တော်တို့ သုံးနှစ်ပြည့်ကို အစက YMCA တွင်ကျင်းပမလို့ စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရာပြောင်းပြီး ကျင်းပသွားမည်ဖြစ်ပါသည် ။ ယခုပြောင်းလိုက်သော နေရာမှာ Thamada Hotel ပထမထပ် (365 Cafe အပေါ် ) Egress Hall Room ဖြစ်ပါသည် ။ ကျင်းပမည့်ရက်မှာ April 25 – Sunday ဖြစ်ပါသည်။ ကျင်းပမည့် အချိန်မှာ နံနက် ၉ နာရီမှာ ညနေ ၅ နာရီအထိသတ်မှတ်ထားပါသည် ။ ပါဝင်မည့်အစီအစဉ်များကိုလည်း အောက်ဘက်တွင် အကျဉ်းချုပ်ဖော်ပြပေးသွားပါမည် ။
ကိုရာဗီ – Tips on study in Myanmar
Myanmartutorials – Online Learning
ကိုကိုရဲ(Knowledge Bridge Magazine Editor) – Something about Ubuntu (or) Something
Tweetycoaster – Something
ကိုအိမောင် – Related with Web Developing
& Main Final Discussing with above speaker – Open Discussion on migration form beginner to professional
စသည့် လူငယ်များနှင့် IT related လူများအားလုံး အတွင် ရည်စူးကာ သုံးနှစ်ပြည့်ကို ထူးထူးခြားခြားပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အမ်ဇက် မမ်ဘာများနှင့် မည်သူမဆို လွတ်လပ်စွာ တက်ရောက်နိုင်ပါသည် ။
သုံးနှစ်ပြည့်ပွဲတွင် တက်ရောက်မည့်သူများအတွက် MZ Sticker များ ၊ Saturngod (MZ Founder )ကိုယ်တိုင် စိတ်ကြိုက်ပြုလုပ်ထားသော Mysteryzillion News Letter နှင့် Open Source Linux Distro DVD များကို ဝေပေးမှာဖြစ်ပါတယ် ။ free ornagai dictionary ကိုလည်း ပွဲအချိန်ပေါ်မူတည်ကာ support လုပ်နိုင်သည့် ဖုန်းများအတွင်းသို့ ထည့်သွင်းပေးသွားပါမည် ။
*** အထက်ပါအချက်အလက်များကို Online media များနှင့် Offline media များတွင် လွတ်လပ်စွာ ကိုးကားဖော်ပြနိုင်ပါသည် ။
သင်္ကြန်ပြီးနောက်တစ်ပတ်ဖြစ်သောကြောင့် မမ်ဘာများမသိလိုက်မဖြစ်ရအောင် စောစော အသိပေးခြင်းလည်းဖြစ်ပါတယ် ။ လာရအဆင်ပြေသော မမ်ဘာများ အတတ်နိုင်ဆုံးလာစေချင်ပါတယ် ။ နေရာမသိသော မမ်ဘာများအတွက်လည်း ကျင်းပမည့်နေရာကို Google Map နှင့် update လုပ်ကာဖော်ပြပေးသွားမှာ ဖြစ်ပါတယ် ။ မြန်မာနှစ်သစ်အပြီးမှာ IT Related လူများအားလုံး ကိုယ်ရှေ့ဆက် ဘာဆက်လုပ်ရမည်ကို သိသွားမည်ဟု မျှော်လင့်ရင်း ………
ဖြည့်စွက်ရမည့်အချက်အလက်များကို ဒီ Thread မှာပဲ Update ဆက် လုပ်ပေးသွားပါမည် ။
Exiter
Mysteryzillion
Administrator
Third Anniversary Organizer
Recent Comments